4/17/13

apple iphone iOS 5 အတွက် မြန်မာစာနှင့်မြန်မာစာကီးဘုတ် ထည့်သွင်းနည်း

 

အဆင့် ၁
မိမိ idevice က iOS version 5.0 နှင့် အထက်ရှိပြီး Jailbreak လုပ်ထားပြီးပါက
Cydia ထဲက Manage >>> Sources မှာ >>> Edit >>> Add ကို နှိပ်ပြီး
http://cydia.macforus.com ကိုရိုက်ထည့်ပေးပါ။
အဆင့် ၂
Cydia ထဲက Manage >>> Sources မှာ >>> http://cydia.macforus.com သွင်းပြီးဆိုလျှင်
http://cydia.macforus.com ထဲမှ Zawgyi iOS 4.3
font ကို install ပြုလုပ်ပေးပါ။
iOS 5.0 နှင့် အထက်အတွက် Zawgyi iOS 4.3 font ကို install လုပ်တာက ကပိုပြီးအဆင်ပြေပါတယ်။
- မိမိ idevice မှာ မြန်မာစာအတွက် http://cydia.macforus.com ထဲမှာ
Zawgyi iOS 4.3 font install လုပ်မထားပဲ အခြား Zawgyi iOS font install လုပ်ထားပါက
Remove မလုပ်ပဲ Zawgyi font iOS Uninstaller နဲ့ပြုလုပ်ပေးပါ။
အခန့်မသင့် မိမိ idevice iOS ပြန်ပြီး မတက်ပါက restore လုပ်ပြီ
Jailbreak ပြန်ပြီး ပြုလုပ်ပါက ပိုပြီးအဆင်ပြေပါမယ်။
Zawgyi font iOS Uninstaller ပြုလုပ်ပြီးလျှင်
Zawgyi iOS 4.3 Font ကို install ပြုလုပ်ပေးပါ။
- ကျွန်တော်လေ့လာထားသလောက် Zawgyi font iOS Uninstaller မလုပ်မိပဲ
အခြား Zawgyi iOS font install လုပ်ထားမိလို့ remove ပြန်လုပ်ပါကလဲ
restart ကျပြီး iOS ပြန်မတက်တာမျိုးကြုံရပါတယ်။
အဆင့် ၃
မြန်မာစာကီးဘုတ်အတွက် http://cydia.macforus.com ထဲမှာ
MMKeyboard for iOS5 ကို install ပြုလုပ်ပေးပါ။
အဆင့် ၎
မြန်မာစာကီးဘုတ်ဖော်ဖို့အတွက် Setting >>> General >>> Keyboard ထဲမှ >>>
International Keyboards ထဲမှ Czech ကိုရွေးပေးပါ။
ပြီးရင် Setting ထဲကနေထွက်ပြီး စာရိုက်လို့ရမယ့် နေရာတစ်ခုမှာ ကီးဘုတ်ကိုကြည့်ပါ။
ကမ္ဘာလုံးပုံလေးနဲ့ ခလုတ်လေးကို နှစ်စက္ကန့်ခန့်ဖိထားလိုက်ရင် Zawgyi ဆိုတာလေးပေါ်လာပါမယ်။
အဲဒီထဲကိုဝင်ပါ။
အခုအဆင့်တွေ ပြီးဆုံးပြီဆိုလျှင် မိမိ idevice မှာ မြန်မာစာ နဲ့ မြန်မာစာကီးဘုတ်အတွက်
ကောင်းမွန်စွာအသုံးပြုလို့ရပါပြီ။
အခု Developer ကိုမိုးစက် ရဲ့ ကျိုးစားအားထုတ်မူဖြစ်တဲ့ iOS5 MM Keyboard က
အားလုံးအတွက် အဆင်ပြေကြမယ်လို့ထင်ပါတယ်။


0 အမှတ်တရ

Posts a comment

Test Footer 1

Subscribe me

ip information IP
 
© myanmar technologyhomesky
မူပိုင် နည်းပညာသိပံ္ပ
back to top button photo: Up arrow up_arrow.gifအပေါ်သို့